Announcement

လူငယ်စကားဝိုင်းကျင်းပခြင်း

0 0

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန တို့ ပူးပေါင်း၍ လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအခမ်းအနားကို ၁၆-၇-၂၀၂၄ နေ့လည်(၁)နာရီ အချိန်တွင် အစိုးရနည်းပညာ ကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းတည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းသားကျောင်းသူများမှ လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ ခေါင်းစဉ် ဖြင့် ဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ အခမ်းအနားသို့ ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၃၀) ကျော်တက်ရောက်ခဲ့ကြပါသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်