Announcement

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ဒုတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) မှ ဝန်ထမ်းများ၊ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများစုပေါင်း၍ ဒုတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအား ၁၉.၈.၂၀၂၄ရက်နေ့ နံနက် ၁၀နာရီ၃၀ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ပြီး ကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများ ကျောင်းသားကျောင်းသူများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကပ်လှူခဲ့ကြပါသည်။