Announcement

လူငယ်စကားဝိုင်းကျင်းပခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန တို့ ပူးပေါင်း၍ လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအခမ်းအနားကို ၁၆-၇-၂၀၂၄ နေ့လည်(၁)နာရီ အချိန်တွင် အစိုးရနည်းပညာ ကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းတည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းသားကျောင်းသူများမှ လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ ခေါင်းစဉ် ဖြင့် ဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ကျောင်းအုပ်ဆရာကြီးမှ...

မိုးရာသီအားကစားပြိုင်ပွဲများကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၏ မိုးရာသီအားကစားပြိုင်ပွဲများကို ဇူလိုင်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ကြက်တောင်ရိုက်၊ပိုက်ကျော်ခြင်း၊စားပွဲတင်တင်းနစ်၊ လွန်ဆွဲ၊ထုပ်စည်းတိုးနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲစသည့် အားကစားနည်းများအလိုက် ကျောင်းသားကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။သက်ဆိုင်ရာအားကစားနည်းအလိုက် အနိုင်ရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ဒုတိယညွှန်ကြားရေးမှူး၊ဌာနမှူးများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။

သင်ထောက်ကူပစ္စည်းများအသုံးပြုနိုင်ရန် Training များပေးခြင်း

ဆရာဆရာမများအတွက် သင်ထောက်ကူပစ္စည်းများအသုံးပြု၍ သင်ကြားသင်ယူမှုပြုလုပ်နိုင်ရန် ကုမ္ပဏီများမှ လာရောက်၍ သင်ကြားပေးခဲ့ပါသည်။