Announcement

ကြေငြာချက်များ

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)B.Tech သင်တန်းများ၏ ဒုတိယနှစ်ဝက်စာမေးပွဲအချိန်စာရင်းထုတ်ပြန်ခြင်း

School Visit လာရောက်ကြခြင်း

စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE) တွင် ၉-၉-၂၀၂၄ ရက်နေ့မှ ၂၀-၉-၂၀၂၄ ရက်နေ့ထိ ဆောင်ရွက်သည့် MKCF Project လုပ်ငန်းစဉ်(၅) Industrial Internet of Things & Automation Technology သင်တန်းသို့ တက်ရောက်သည့် TVET ဆရာ၊ဆရာမများနှင့် မဲခေါင်နိုင်ငံများမှ ဆရာ၊ဆရာမ များသည်...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ဒုတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) မှ ဝန်ထမ်းများ၊ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများစုပေါင်း၍ ဒုတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအား ၁၉.၈.၂၀၂၄ရက်နေ့ နံနက် ၁၀နာရီ၃၀ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်ပြီး ကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများ ကျောင်းသားကျောင်းသူများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကပ်လှူခဲ့ကြပါသည်။

လူငယ်စကားဝိုင်းကျင်းပခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန တို့ ပူးပေါင်း၍ လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအခမ်းအနားကို ၁၆-၇-၂၀၂၄ နေ့လည်(၁)နာရီ အချိန်တွင် အစိုးရနည်းပညာ ကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဝင်းတည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းသားကျောင်းသူများမှ လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ ခေါင်းစဉ် ဖြင့် ဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ကျောင်းအုပ်ဆရာကြီးမှ...

မိုးရာသီအားကစားပြိုင်ပွဲများကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၏ မိုးရာသီအားကစားပြိုင်ပွဲများကို ဇူလိုင်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ကြက်တောင်ရိုက်၊ပိုက်ကျော်ခြင်း၊စားပွဲတင်တင်းနစ်၊ လွန်ဆွဲ၊ထုပ်စည်းတိုးနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲစသည့် အားကစားနည်းများအလိုက် ကျောင်းသားကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။သက်ဆိုင်ရာအားကစားနည်းအလိုက် အနိုင်ရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ဒုတိယညွှန်ကြားရေးမှူး၊ဌာနမှူးများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။

သင်ထောက်ကူပစ္စည်းများအသုံးပြုနိုင်ရန် Training များပေးခြင်း

ဆရာဆရာမများအတွက် သင်ထောက်ကူပစ္စည်းများအသုံးပြု၍ သင်ကြားသင်ယူမှုပြုလုပ်နိုင်ရန် ကုမ္ပဏီများမှ လာရောက်၍ သင်ကြားပေးခဲ့ပါသည်။

Electric Vehicle ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးအသိပညာပေးနှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲအခမ်းအနားသို့တက်ရောက်လေ့လာခြင်း

Electric Vehicle ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် Electric Vehicle ဆိုင်ရာ အန္တရာယ်ကင်း ရှင်းရေးအသိပညာပေးနှင့်နည်းပညာပြန့်ပွားရေးဟောပြောပွဲအခမ်းအနားကို အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ၂၀-၃-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီးတို့နှင့်အတူ ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ပြီး လေ့လာခဲ့ကြပါသည်။