Announcement

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုအား ဆရာ/ဆရာမများ/ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းလုပ်အားပေးသူ(၂၀၀)ဦးအား ကျောင်းမှ နံနက်စာ မုန့်တီသုပ်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော သင်တန်းများ

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)‌ကျောင်းသည် လက်ရှိတွင် ကျောင်းစတင်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလတွင် Bachelor of Technology  ဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါသည်။ကျောင်းစတင်ဖွင့်လှစ်သည့်အချိန်တွင် Engineering Technologist သင်တန်း(၃)မျိုးဖြင့် စတင်ဖွင့်လှစ်သွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်အရထပ်မံတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လက်ရှိတွင်ဖွင့်လှစ်ရန်လျာထားဆောင်ရွက်လျက်ရှိသောဘာသာရပ် (၃)မျိုးမှာ (၁)Civil Engineering (၂) Electrical Power Engineering...